Monday, 15 August 2016
Congratulation |
GETC အင်္ဂလိပ်ကျောင်းမှာ |
အမှတ်အများဆုံးနဲ့ ပထမဆုရတဲ့ အတွက် |
ဂုဏ်ယူဝမ်းသာမိပါကြောင်း |
အမြဲတမ်း အမှတ်အများဆုံးနဲ့ ပထမဆု ရပါစေလို့ |
တောင်းဆုပြုခဲ့သလို ယခုလည်း ထပ်မံ၍ |
အမြဲတမ်း အမှတ်အများဆုံးနဲ့ ပထမဆု ရပါစေလို့ ထပ်မံ၍ တောင်းဆုပြုပေးလိုက်ပါတယ် ။ |
မြဝတီ ရုပ်သံနှင့် အခြားသော ရုပ်သံများမှ |
အမေး အဖြေများကို လိုရင်းအနှစ်ချုပ် မျှဝေပေးလိုက်ပါတယ်။ |
မေး = မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများခံစားရပါသလဲ |
ဟုတ်ကဲ့ ။ သမီးလေး ဆုရတဲ့တွက် ဝမ်းသာပါတယ်။ |
မိခင်တစ်ယောက်အနေနဲ့ သမီးကို ဒီလိုမျိုးဆုတွေရလာအောင် ဘယ်လိုများ ပြုစုစောင့်ရှောက်ခဲ့ပါသလဲ။ |
ဟုတ်ကဲ့ ။ ကျမ သမီးကို အစစအရာရာ အားလုံးကို ဂရုစိုက်ခဲ့ပါတယ်။ ကျောင်းကြို ကျောင်းပို့ကအစ ကျမကိုယ်တိုင် ကားမောင်းပို့ပါတယ်။ အစားသောက်ကအစ ရွေးချယ်ပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ |
အခြားမိဘများကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။ |
သမီးလေး ဒီကျောင်းကို ထားပြီးကတည်းက အင်္ဂလိပ်စာ အရမ်းတော်လာပါတယ်။ |
အရေး အပြော အဖတ် နားလည်မှု အားလုံးဟာ စွမ်းရည်တွေ ကောင်းလာပါတယ်။ ဆုတွေလည်း ရခဲ့တယ်။ ပြင်ပကျောင်းမှာလည်း ဆုတွေ ရပါတယ်။ |
ခုဆိုရင် ကျမဆွေမျိုးအတော်များများဟာ ဒီ GETC ကျောင်းမှာ ထားကြပါတယ်။ ထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို အင်္ဂလိပ်စာ ကောင်းဖို့တွက် |
GETC ကျောင်းမှာ ထားကြမယ်ဆိုရင် အင်္ဂလိပ်စာဟာ ကောင်းလာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ |
***** |
မေး = သမီး ဒီဆုရတော့ ရင်ထဲမှာ ဘယ်လိုများ ခံစားရပါသလဲ။ |
ဟုတ် ။ သမီး ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။ |
သမီးလို ဆုတွေရလာအောင် သမီးရဲ့ သူငယ်ချင်းတွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။ |
ဟုတ်။ ဒီကျောင်းက စာတွေက ခက်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မခက်ပါဘူး။ ကြိုးစားရင် ဆုတွေရလာမှာပါလို့ ပြောချင်ပါတယ်။ |
သမီးလေး နောက်ထပ် အမှတ်အများဆုံးနဲ့ |
ပထမဆုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ |
ကောင်းသော အကျိုးဖြစ်ထွန်းလာပါစေခြင်းအကျိုးငှာ |
မျှဝေပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။ |
ကျန်းမာကြပါစေ။ |
ချမ်းသာကြပါစေ။ |
Subscribe to:
Posts (Atom)