တခါက ရွာတရွာရှိ လယ်တဲတွင် လယ်သမား
မိသားစုနေထိုင်ကြတယ်။ သူတို့နေတဲ့ လယ်တဲမှာ ကြွက်တွေသောင်းကျန်းနေသည်။
တနေ့တွင်လယ်သမား ဇနီးမောင်နှံသည်
မြို့တက်ပြီး ဈေးဝယ်ရာ လယ်ယာပစ္စည်းများ ၊ စားဖိုဆောင် ပစ္စည်းများ နှင့်အတူ
ကြွက်ထောင်ချောက်ကိုတွေ့၍ ၀ယ်ယူခဲ့လေ သည်။လိုအပ်သော ပစ္စည်းများဝယ်ကာ
ရွာကိုပြန်လားခဲ့လေသည်။
ညနေစောင်းသောအခါ လယ်တဲရှိ လယ်စောင့်တဲသို့ရောက်သော အခါ ဇနီးသည်မှာ ပစ္စည်းများကို နေရာ
ချထားလေသည်။ ထိုအခါ တဲထဲတွင်ရှိသော ကြွက်ကလေး တစ်ကောင်ကမြင်၍ သွားရာ ကြောက်လန့် သွားပြီ
“ဟာငါတို့ အတွက် အန္တရာယ်ပဲ ငါတို့အတွက် သေမင်းပဲ” လို့ကြောက်လန့်ပြီးရေရွက်လျှက် ငါ့ရဲ့မိတ်ဆွေတွေကို သွားပြောရမယ်။ ငါနဲ့ ငါ့မိတ်ဆွေ ဒုက္ခရောက်တော့မယ်လို့ ပြောဆိုရင်း တဲထဲမှာထွက် သွားလေသည်။
လမ်းတွင်သူ့မိတ်ဆွေ ကြက်ဖကြီးကို တွေ့လေသည်။ ကြွက်ကလေးလည်း သူ့မိတ်ဆွေကို
“အို….မိတ်ဆွေ ကြက်ဖကြီးရယ် ကျုပ်တို့အတွက် အန္တရာယ်ဆိုးကြီး
ကြရောက်တော့မယ် သေရတော့မယ်ဗျာ” လို့မိတ်ဆွေ ကိုပြောလိုက်တယ်။
ထိုအခါ..
ကြက်ဖကြီးက“ ဟ..ဘာတုန်းဟ တို့တွေ အတွက် အန္တရာယ်ဆိုးဆိုတာ ဘာတုန်း
သေတော့ မယ်ဆိုတာဘာလဲ” လို့ကြွက်ကလေးကို ပြန်မေးလိုက်တယ်။ ကြွက်ကလေးကလဲ
လယ်တဲမှာ ကြွက်ထောင်ချောက်တွေ့ခဲ့တယ်ဆိုတာကို ပြောပြလိုက်တယ်ဆိုရင်ပဲ ကြက်ဖကြီးမှာ ခွက်ထိုးခွက်လန် ရယ်၍“အို..မိတ်ဆွေ ကြွက်ကလေးရယ် ကြွက်ထောင်ချောက်ဆိုတာ ကြွက်တွေ အတွက်တော့ အန္တရာယ်ပါ သေမင်းပဲ ငါတို့နဲ့တော့ မဆိုင်ပါဘူး…….ငါ့အတွက်တော့သေမင်းမဟုတ်ပါဘူးကွာ။ ငါ့ရဲ့နူတ်သီးကိုတောင် မညှပ်မိပါဘူးကွာ”လို့ပြောဆိုရင်း မောင်းထုတ်လိုက်တယ်။
ကြွက်ကလေးလဲ “ငါ့မှာတော့ အားကိုး တကြီးပြောလိုက်ရတာ …..”ပြောရင်း ဆက်လက်
လျှောက်သွားရာ လမ်း၌သူ့မိတ်ဆွေ ၀က်ကြီးအားတွေ့ပြန်ရာ ကြွက်ကလေးက
ပထမမိတ်ဆွေဖြစ်တဲ့ ကြက်ဖကြီးပြော သလို ပြောပြလိုက်ပြန်တယ်။
ဝက်ကြီးကလည်း
“ဟေ့ …မင်းပြောတဲ့ ကြွက်ထောင်ချောက်ဆိုတာ ငါ့တို့နဲ့မဆိုင်ပါဘူးရယ်
မင်းတို့ အတွက်တော့ သေမင်းဖြစ်ပေမဲ့ ငါ့အတွက်တော့ ကစားစရာပါကွာ။ ကဲကဲ
သွားသွား ငါနဲ့ မဆိုင်ပါ ဘူးရယ်။ ငါသွားစရာရှိတယ်” ပြော၍ လယ်တဲသို့ထွက်သွား လိုက်တယ်။
ကြွက်ကလေးဟာ ခေါင်းငိုက်စိုက်နဲ့ ထွက်လာခဲ့တာ
နောက်ဆုံးမှာ သူ့မိတ်ဆွေနွားကြီးနဲ့ တွေ့ရာ ကိုကြီးနွား ရယ်ဆိုပြီး
အရင်ကသူ့မိတ်ဆွေတွေကိုပြောတဲ့ အတိုင်း ပြောပြ ပြန်တယ်။
မိတ်ဆွေနွားကြီးက လည်း “အို..ကြွက်ကလေးရယ်
ကြွက်ထောင်ချောက်ဆိုတာ ငါနဲ့ မဆိုင်ဘူးကွ။
မင်းတို့ အတွက်သေမင်း၊ အန္တရာယ်ဆိုး ကြီးပေမဲ့ ငါ့အတွက်တော့ ငါ့ခြေထောက်ကိုတောင် မညှပ်နိုင်ပါ ဘူးကွာ”
လို့ပြောရင်း လှောင်ရယ်ပြောဆို၍ ထွက်သွားလိုက်တယ်။
ကြွက်ကလေးလဲ
ခေါင်းငိုက်စိုက်ချကာ စိတ်ဓာတ်ကြပြီး လယ်တောထဲက
လယ်တဲလေးထဲသို့ပြန်သွား ခဲ့တယ်။
ထိုညမှာပဲ လယ်သမား ဇနီးမောင်နှံဟာ လယ်ကွင်းထဲမှာ ကြွက်တွေသောင်းကျန်းလို့ ကြွက်ထောင်ချောက်
ကိုထောင်လိုက်တယ်။ ထိုညမှာပဲ သန်းခေါင်ယံ အချိန်မှာ လယ်ထဲမှ “ဂျိမ်း” ဟူသော ကျယ်ကျယ်
လောင်လောင် အသံကြီးထွက်လာတယ်။
ကြွက်ကလေးကလည်း ငါ့ရဲ့ မိတ်ဆွေတွေတော့ ဘယ်သူများ ဒုက္ခရောက်ပြီလဲလို့
စိုးရိမ်ကြီးစွာ လယ်ကွင်း ထဲသို့ ပြေး၍သွားကြည့်လေတယ်။
လယ်သမားဇနီးကလဲ ထောင်ချောက်မှာ ကြွက်မိနေပြီလို့ ထင်ပြီး ထောင်ချောက်ကို
ဆွဲယူလိုက် ရာ ထောင်ချောက်တွင်မိနေသော မြွေဟောက်မှ ဇနီးသည်ကို ပေါက်လိုက်ရာ
အသံနက်ကြီးဖြင့်အော်၍ လဲကျသွားလေသည်။ လယ်လုပ်သူ ယောင်္ကျားမှာ
ဇနီးသည်၏အသံကြား၍ ပြေးသွားပြီး မိမိဇနီးသည် ကိုပေါက်လိုက်သော
မြွေအားရိုက်သတ်ကာ ဇနီးသည်အားပွေ့ပြီး လယ်တဲသို့ခေါ်ဆောင်သွားသည်ကို ကြွက်ကလေး မြင်တွေ့လိုက်တယ်။
ယောင်္ကျားဖြစ်သူက ရွာထဲရှို ဗိန္ဒောဆရာဆီသို့ ဇနီးသည်အားထမ်းပိုးခေါ်ဆောင်သွားပြီ မြွေအဆိပ်ဖြေ ကုခိုင်းတယ်။နောက်ဆုံးတော့
အရာမရောက်သဖြင့် မေ့မြောနေသော ဇနီးသည်ကို လယ်တဲကိုပြန်ခေါ် လာခဲ့တယ်။
မြွေဆိပ်ကြောင့် ဖြူဖတ်ဖြူရော်နှင့် အားအင်ကုန်ခမ်းလာရာ ပတ်ဝန်းကျင်မှ
မိတ်ဆွေများက အားရှိဖို့တော့လိုတယ်။
ကြက်စွပ်ပြုပ်လေတိုက်ရင်ကောင်းမယ်လို့ အကြံပေးကြတယ်။ လယ်သမားဟာ ဇနီးသည့်အတွက်ဓါးမ ခါးကြားထိုး၍ လယ်ကွင်းထဲတွင်ရှိသော ကြက်ဖကြီးအား ဓါးနှင့်ခုတ်သတ်ပြီး ကြက်စွပ်ပြုပ် လုပ်တိုက်လိုက် တယ်။
မြွေဆိပ်တတ်လာရာ ဇနီးသည်မှာမြွေဆိပ်ပြန့်ပြီး သေဆုံးသွားတယ်။ ဒီနေရာမှာလေ
ကြက်ဖကြီးကို သတိဝိရီယနှင့်နေဖို့ ကြွက်ထောင်ချောက်ဟာ အန္တရာယ်ဆိုတာကို
ပြောခဲ့ပေမဲ့ ငါနဲ့မဆိုင်ဘူး လို့ ပြောခဲ့ တဲ့“ငါ့ရဲ့နူတ်သီးကိုတောင် မညှပ်မိပါဘူး”လို့ပြော ခဲ့တဲ့ ကြက်ဖကြီးဟာ ပထမဆုံးသေဘေးနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။
ဒီလိုနဲ့ လယ်သမားဇနီး ကွယ်လွန်တော့ ရွာဓလေ့ အတိုင်း ပတ်ဝန်းကျင်မှရှိတဲ့
မိတ်ဆွေတွေသတင်း လာမေးကြ အသုဘကိစ္စလုပ်ကြတယ်။ လယ်သမားဟာ
မိတ်ဆွေအပေါင်းအသင်းတွေကို ကျွေးဖို့ဆန်ရှိပေမဲ့ ဟင်းလျာ မရှိတာကြောင့်
ဝက်ကြီးကို သတ်ပြီး မိတ်ဆွေမျာကို ချက်ပြုတ်ကျွေးမွေးလေတယ်။
ဒီနေရာမှာလဲ
ကြွက်ထောင်ချောက်ဟာ “ငါနဲ့မဆိုင်ဘူး ငါ့အတွက်တော့ ကစားစရာပါ”လို့ပြောခဲ့တဲ့
ဝက်ကြီးဟာခုတော့သေခဲ့ပြန်တယ်။
တဖန်ရက်လည်နေ့မှာ
လူတွေအများကြီးလာအုံးမှာပဲလို့ တွေးမိပြီး ငါ့မှာတော့  ဆန်ပဲရှိတာ
ဟင်းလျာ အတွက်စဉ်းစားမိရင်း နွားကြီးကိုသတိရသွားတယ်။
ဒါနဲ့နွားကြီးကိုသတ်ပြီး ရက်လည်နေ့မှာ လာသမျှ လူတွေကို
ဧည့်ခံကျွေးမွေးလိုက်တယ်။ ကြွက်ထောင်ချောက်ဟာ “ငါနဲ့မဆိုင်ဘူး
ငါ့ခြေထောက်ကိုတောင် မညှပ်မိပါဘူးကွာ” လို့ပြောခဲ့တဲ့ နွားကြီးလဲ သေခဲ့ရပြန်တယ်။
ထိုအခါမှာ ကြွက်ကလေးလည်း ငါနဲ့ မဆိုင်ဘူးလို့ပြောခဲ့တဲ့
မိတ်ဆွေ ကြက်ဖကြီးရယ်၊ ကိုဝက်ကြီး ရယ်၊ နွားကြီးရယ်
အားလုံးသေသွားတာကိုမြင်ပြီး လယ်စောင့်တဲလေးမှ မနေတော့ပဲ
ထွက်ပြေး သွားလေတော့တယ်။
ဒီပုံပြင်လေးဟာလူမှုရေး ၊ဘာသာရေး၊ သာသနာပြုလုပ်ငန်းတွေမှာ “ဒါငါနဲ့မဆိုင်ပါဘူး၊ ငါ့အလုပ် မဟုတ်ပါ ဘူး၊ ငါ့ကိစ္စ မဟုတ်ပါဘူး” သိစေချင်တာပါ။ ဗုဒ္ဓဘာသာဝင် အားလုံးနဲ့သက်ဆိုင်ပါတယ်။ သာသနာပြု လုပ်ငန်းဆိုတာ အားလုံးနဲ့သက်ဆိုင်၍ ပက်သက်ပါသည်။ ဥပက္ခာပြုလို့မရပါဘူး။
မူလတန်းဖတ်စာထဲက စာလေးတပုဒ်ကို သတိရမိပါတယ်
“ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲကျွံနေသည်။
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ”ဟူသောကဗျာလေးကို သတိရမိလိမ့်မည်ထင် ပါသည်။
ဇွန်ပန်းရုံ အနီး၌ လှည်းဘီးကျွံနေသည်ကို ဘေးကလူတွေက ငါနဲ့မဆိုင်ဘူး။ ငါ့ကိစ္စ မဟုတ်ဘူးပြောဆိုနေမဲ့ အစား လူသား ဆန်ဆန် စုပေါင်းညီညာစွားဖြင့် ပြိုင်တူတွန်းပေးနိုင်လျှင်ကောင်းပါသည်။
ယနေ့ ဗုဒ္ဓဘာသာ ၀င်တွေကလည်း လူသားပဲ။ ဗုဒ္ဓရဲ့ သာသနာပြုလုပ်ငန်းတွေမှာ ငါနဲ့ မဆိုင်ဘူးလို့ပြော လို့မရပါဘူး အားလုံးဝိုင်း ၀န်းပြီး ပြိုင်တူ ညီညီညွှတ်ညွတ် စည်းစည်းလုံးလုံး လုပ်ငန်းလုပ်ဆောင်မယ်ဆိုရင် ဗုဒ္ဓသာသနာသည် လည်း ရောင်ဝါနေသို့ လင်း၍ ထာဝစဉ် တည်တံပါစေမည်။
***ကြွက်ကလေးရဲ့ပုံပြင်လို “ငါနဲ့မဆိုင်ဘူး မပြောပါနဲ့”
***“လမုတောရောက်ရှိလာတဲ့ ညောင်ပင်ရဲ့ အန္တရာယ်ကို သိစေချင်ပါသည်။”
ဗုဒ္ဓသာသနာရောင်ဝါနေသို့လင်းစေသော်
သုံးရပ်သာသနာ ကမ္ဘာမှာ ထာဝရတည်တံ့ပါစေသော်။ ။
အမိုး(၁၁.၉.၂၀၁၂)