အမေဆိုတာ
ရေရေရာရာနဲ့
သေသေချာချာ တန်ဘိုးမဖြတ်နိုင်တဲ့
အနန္တမေတ္တာတွေရဲ့ အထွတ်အထိပ်
အမေဆိုတာ
ရတနာတွေထက်
တန်ဖိုးကြီးတဲ့
ရတနာများစွာရဲ့ဖန်ဆင်းရင်
အမေဆိုတာ
ဆပ်မကုန်တဲ့
ကျေးဇူးတွေရဲ့ကြွေးရှင်
အမေဆိုတာ
စားမကုန်တဲ့
ကောက်ကြီးစပါးနှံတို့ရဲ့လယ်မြေ
အမေဆိုတာ
သောက်မကုန်တဲ့
ရေချိုမြစ်တို့ရဲ့အစဦး
အမေဆိုတာ
ဘယ်စုတ်ချက်မှ မမှီနိုင်တဲ့
ပန်းချီကားတစ်ချပ်ရဲ့ကင်းဘတ်
အမေဆိုတာ
ငြိမ်းနွေးအေးချမ်း
လန်းဆန်းမှုများရဲ့ရပ်ဝန်း
အမေဆိုတာ
အကြီးမားဆုံး
ရိပ်ကောင်းသစ်ပင်တို့ရဲ့ရေသောက်မြစ်
အမေဆိုတာ
အလှပဆုံး
လောကတန်ဆောင်းတို့ရဲ့ ပိသုကာ
အမေဆိုတာ
အပြင်းထန်ဆုံး
ဘ၀တိုက်ပွဲတွေရဲ့ စစ်ဘုရင်
အမေဆိုတာ……………………..
အမေဆိုတာ…………………….
အမေဆိုတာ……………………..
အမေဆိုတာ……………………..
အမေဆိုတာ…………………….
ဖွဲ့နွဲ့ဖေါ်ကျူးလို့မဆုံးတဲ့
ကဗျာတပုဒ်ပါအမေ
အမေကျန်းမာပါစေ
အမေချမ်းသာပါစေ
အမေနှလုံးစိတ်ဝမ်း
ထာဝရငြိမ်းချမ်းပါစေ။ ။
ရေရေရာရာနဲ့
သေသေချာချာ တန်ဘိုးမဖြတ်နိုင်တဲ့
အနန္တမေတ္တာတွေရဲ့ အထွတ်အထိပ်
အမေဆိုတာ
ရတနာတွေထက်
တန်ဖိုးကြီးတဲ့
ရတနာများစွာရဲ့ဖန်ဆင်းရင်
အမေဆိုတာ
ဆပ်မကုန်တဲ့
ကျေးဇူးတွေရဲ့ကြွေးရှင်
အမေဆိုတာ
စားမကုန်တဲ့
ကောက်ကြီးစပါးနှံတို့ရဲ့လယ်မြေ
အမေဆိုတာ
သောက်မကုန်တဲ့
ရေချိုမြစ်တို့ရဲ့အစဦး
အမေဆိုတာ
ဘယ်စုတ်ချက်မှ မမှီနိုင်တဲ့
ပန်းချီကားတစ်ချပ်ရဲ့ကင်းဘတ်
အမေဆိုတာ
ငြိမ်းနွေးအေးချမ်း
လန်းဆန်းမှုများရဲ့ရပ်ဝန်း
အမေဆိုတာ
အကြီးမားဆုံး
ရိပ်ကောင်းသစ်ပင်တို့ရဲ့ရေသောက်မြစ်
အမေဆိုတာ
အလှပဆုံး
လောကတန်ဆောင်းတို့ရဲ့ ပိသုကာ
အမေဆိုတာ
အပြင်းထန်ဆုံး
ဘ၀တိုက်ပွဲတွေရဲ့ စစ်ဘုရင်
အမေဆိုတာ……………………..
အမေဆိုတာ…………………….
အမေဆိုတာ……………………..
အမေဆိုတာ……………………..
အမေဆိုတာ…………………….
ဖွဲ့နွဲ့ဖေါ်ကျူးလို့မဆုံးတဲ့
ကဗျာတပုဒ်ပါအမေ
အမေကျန်းမာပါစေ
အမေချမ်းသာပါစေ
အမေနှလုံးစိတ်ဝမ်း
ထာဝရငြိမ်းချမ်းပါစေ။ ။
(ကမ္ဘာပေါ်ရှိအမေများ အားလုံးကိုရည်ညွှန်းပါသည်……………….။ ။)
အမေဆိုတာ
ReplyDeleteအပြင်းထန်ဆုံး
ဘ၀တိုက်ပွဲတွေရဲ့ စစ်ဘုရင်
အမေဆိုတာ……………………..
အမေဆိုတာ…………………….
အမေဆိုတာ……………………..
အမေဆိုတာ……………………..
အမေဆိုတာ…………………….