Monday, 15 August 2016


ချမ်းမြေ့ပါစေ...........





Congratulation

GETC အင်္ဂလိပ်ကျောင်းမှာ
အမှတ်အများဆုံးနဲ့ ပထမဆုရတဲ့ အတွက်
ဂုဏ်ယူဝမ်းသာမိပါကြောင်း

အမြဲတမ်း အမှတ်အများဆုံးနဲ့ ပထမဆု ရပါစေလို့
တောင်းဆုပြုခဲ့သလို ယခုလည်း ထပ်မံ၍
အမြဲတမ်း အမှတ်အများဆုံးနဲ့ ပထမဆု ရပါစေလို့ ထပ်မံ၍ တောင်းဆုပြုပေးလိုက်ပါတယ် ။

မြဝတီ ရုပ်သံနှင့် အခြားသော ရုပ်သံများမှ
အမေး အဖြေများကို လိုရင်းအနှစ်ချုပ် မျှဝေပေးလိုက်ပါတယ်။

မေး = မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများခံစားရပါသလဲ

ဟုတ်ကဲ့ ။ သမီးလေး ဆုရတဲ့တွက် ဝမ်းသာပါတယ်။

မိခင်တစ်ယောက်အနေနဲ့ သမီးကို ဒီလိုမျိုးဆုတွေရလာအောင် ဘယ်လိုများ ပြုစုစောင့်ရှောက်ခဲ့ပါသလဲ။

ဟုတ်ကဲ့ ။ ကျမ သမီးကို အစစအရာရာ အားလုံးကို ဂရုစိုက်ခဲ့ပါတယ်။ ကျောင်းကြို ကျောင်းပို့ကအစ ကျမကိုယ်တိုင် ကားမောင်းပို့ပါတယ်။ အစားသောက်ကအစ ရွေးချယ်ပြီး ဂရုစိုက်ပေးခဲ့ပါတယ်။

အခြားမိဘများကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။

သမီးလေး ဒီကျောင်းကို ထားပြီးကတည်းက အင်္ဂလိပ်စာ အရမ်းတော်လာပါတယ်။
အရေး အပြော အဖတ် နားလည်မှု အားလုံးဟာ စွမ်းရည်တွေ ကောင်းလာပါတယ်။ ဆုတွေလည်း ရခဲ့တယ်။ ပြင်ပကျောင်းမှာလည်း ဆုတွေ ရပါတယ်။
ခုဆိုရင် ကျမဆွေမျိုးအတော်များများဟာ ဒီ GETC ကျောင်းမှာ ထားကြပါတယ်။ ထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို အင်္ဂလိပ်စာ ကောင်းဖို့တွက်
GETC ကျောင်းမှာ ထားကြမယ်ဆိုရင် အင်္ဂလိပ်စာဟာ ကောင်းလာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

*****
မေး = သမီး ဒီဆုရတော့ ရင်ထဲမှာ ဘယ်လိုများ ခံစားရပါသလဲ။

ဟုတ် ။ သမီး ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။

သမီးလို ဆုတွေရလာအောင် သမီးရဲ့ သူငယ်ချင်းတွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။

ဟုတ်။ ဒီကျောင်းက စာတွေက ခက်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မခက်ပါဘူး။ ကြိုးစားရင် ဆုတွေရလာမှာပါလို့ ပြောချင်ပါတယ်။

သမီးလေး နောက်ထပ် အမှတ်အများဆုံးနဲ့
ပထမဆုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကောင်းသော အကျိုးဖြစ်ထွန်းလာပါစေခြင်းအကျိုးငှာ
မျှဝေပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။

ကျန်းမာကြပါစေ။
ချမ်းသာကြပါစေ။

Wednesday, 1 July 2015



စွန်သွားသောချစ်သူသို့



လောကမှာ
သာယာနာပျော်ဖွယ်အကောင်းဆုံးသီချင်းဟာ
အလွမ်းသီချင်းဖြစ်ပါသတဲ့
ဒီတော့
သာယာနာပျော်ဖွယ်အကောင်းဆုံးသီချင်းတစ်ပုဒ်လောက်
မင်းအတွက်သီဆိုနေမယ်
တစ်ဘ၀စာပဲ ဖြစ်ဖြစ်ပေါ့

လူတွေကပျော်ချင်ရင် ရည်းစားထားလိုပြောကြတယ်
ငါမင်းကိုချစ်တာ
ပျေိာချင်လိုမဟုတ်ဘူး
တစ်ဘ၀စာရည်ရွယ် ပြီးမှချစ်ခဲတာ

နာကျင်တယ်ဆိုတာဒဏ်ရာအကြီးအသေးနဲ့မဆိုင်ဘူး
ခံစားချက်ဘယ်လောက်ရင်နှီးထားလဲဆိုတဲ့ပေါ်မှာပဲမူတည်ခဲတယ်
ငါရင်ထဲကဒဏ်ရာကတော့ ကုမယ့်သူမဲ့လို
တစ်ဘ၀စာ ခံစားနာကျင်ရဦးမယ်

မင်းကြောင့်ငါငိုရလိုမနာကျဉ်းပါဘူး
ပျော်၇ွင်ခဲ့တုန်းက  ငါပျော်ခဲတယ်လေ
ခုမှမတရားဘူးလို ငါအပြစ်မတင်ပါဘူး
နင်ပျော်နေရင် ငါနှလုံးသားကိုစတေးရလည်းတန်တယ်
လမင်းကို စွန်သွားတဲ့ ချစ်သူရေ....................

                                             
                                                              

Wednesday, 15 April 2015


တန်ဖိုး

                တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။

အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။

ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။

ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးစိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။
အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။

ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။

အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ 

                                   နှစ်နှစ်လုံးလုံး ရေခပ်လမ်းကအပြန်မှာင်းကဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...

သင်ခန်းစာ ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။






                                                                                                                    ချမ်းမြေ့ပါစေ
                                                                                                                        မိုးပုံလွှာ(၁၅.၄.၂၀၁၅)                               
                                                                                                                                                     


ချမ်းမြေ့ပါစေ.....
                                                                                                                   မိုးပုံလွှာ(၁၅.၄.၂၀၁၅)

Friday, 10 January 2014

"Buddhism is not Religion"


စစ်ကိုင်းတောင်ရိုး၊သဒ္ဓမ္မသီတဂူချောင်၊ သဲကုန်းဆရာတော် အရှင်ဉာဏိဿရ အိန္ဒိယနိုင်ငံ၊  နယူးဒေလီမြို့  All India Radio မှ ၁၉၈၂-ခု ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် အသံလွှင့် ဟောကြားတော်မူသော တရားတော်။


ဗုဒ္ဓ၀ါဒသည် Religion မဟုတ်"Buddhism is not Religion"

ကျမ ဆရာတော်ကြီးရဲ့ အသံလွှင့်သွားသော တရားကို စာအုပ်ပြန်လည်ထုတ်ဝေထားသော ဤစာအုပ်ကို ကျမဖတ်ဖြစ်ခဲ့ပါတယ်။ ကျမပြန်လည်ပူဇော်ချင်တာမို့ ကျမမိတ်ဆွေများလည်းထပ်တူ ကုသိုလ်ရစေချင်ပါ တယ်။ ဒါကြောင်ပြန်လည်ဝေငှခြင်းရယ်ပါ။

(၁)ကိုးကွယ်ခြင်းနှင့်ကျင့်သုံးခြင်း
(၂)ကျင့်သုံးမှုနှင့် အသိတရား
(၃)ကျင့်ကြံမှုနှင့် အမှန်တရား
(၄)ဗုဒ္ဓ၀ါဒသည် ဘာကိုအခြေခံသလဲ
(၅)ဗုဒ္ဓကို ဘယ်လိုယုံကြည်အားကိုးသလဲ
(၆)ဗုဒ္ဓဘယ်လို ညွှန်ကြားခဲ့သလဲ
(၇)လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ
(၈)ဗုဒ္ဓရဲ့ စကားကြီး(၁၀)ခွန်း
(၉)ကောင်းဆိုးနှစ်မျိုး ခွဲခြားပါ
(၁၀)ဗုဒ္ဓရဲ့ပုံတော်၊ဆင်းတုတော် ဘာကြောင့်ကိုးကွယ်နေသလဲ
(၁၁)ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု
(၁၂)ဗုဒ္ဓဘာသာရဲ့ ပဓာနလုပ်ငန်းတစ်ခု
(၁၃)ဗုဒ္ဓကိုမြင်တွေ့တဲ့လူဆိုတာ
(၁၄)ဗုဒ္ဓဘာသာတို့ ဆုတောင်းတယ်ဆိုတာ
(၁၅)ကမ္မဋ္ဌာန်းအားထုတ်တာ စိတ်ကူးယဉ်နေတာလား
(၁၆)ဗုဒ္ဓရဲ့လမ်းစဉ်
(၁၇)ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်
(၁၈)ကိုယ်ပိုင်အရည်အချင်းများကို အသုံးချရတဲ့ဘာသာ
(၁၉)ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ဘာသာ
ကျမခေါင်းစဉ်တခုခြင်းစီပူဇော်သွားပါမယ်။
ကျမရဲ့ မိတ်ဆွေများ ချမ်းမြေပါစေနော်……….

ကိုးကွယ်ခြင်းနှင့် ကျင့်သုံးခြင်း

ဇာတံသရဏ တောဘယံ-ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများ စွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်။ ရောက်ကြလိမ့်ဦးမည်။

သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့်ခြိမ်းခြောက်ခံရသောကြောင့်လည်းကိုးကွယ်ရာရှာကြသည်။

ကိုးကွယ်ရာရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း
 ယုံကြည်ကြသည်။ ဘေးအန္တရယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။

သစ်သီး စားချင်သူသည် သစ်ပင်ပေါ်မတတ်ပဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကိုရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တတ်မှ သစ်သီးစားရမည်ဖြစ်၏။

ဒီဘက်ကမ်းမှစ၍ မြစ်ကိုဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။

ရောဂါအနာစွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ 
ဆရာညွှန်ကြားသည့်ဆေး ကို သောက်ရမည်သာဖြစ်၏။
ဆရာဝန်တားမြစ်သည်ကို လိုက်နာရမည်သာဖြစ်၏။ သို့မှသာအနာရောဂါပျောက်ပေမည်။

သစ်သီးစားချင်လျက် သစ်ပင်ပေါ်မတတ်ပဲ သစ်ပင်ရှိခိုးနေသလို…….

ဟိုဘက်ကမ်းသွားချင်လျက် လှေရှာ၍မကူးပဲ မြစ်ကြီးကိုရှိခိုးနေသလို…….

အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ပဲ ဆရာဝန်ကိုရှိခိုးနေသလို…

ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်၍ ချမ်းသာ သုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာ သုခ မရသည့် အပြင် ပို၍ ပင်ပန်းဆင်းရဲ ဒုက္ခ
 ရောက်နေကြသည်။ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော(Religion) မျိုးလည်းမဟုတ်။


ကိုးကွယ်ရာ အမှန်ကား အကျင့်တရား(စရဏ) ပင်ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တတ်ရမည်သာဖြစ်၏။
ဟိုဘက်ကမ်းရောက်ချင်သူသည် လှေရှာ၍ ကူးရမည်သာဖြစ်၏။
အနာရောဂါပျောက်လိုလျှင် ဆေးသောက်ရမည်သာဖြစ်၏။

ထိုနည်းတူစွာပင် ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည်ဖြစ်၏။
မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါတယ်။

ဒုစရိုက်ဟူသည် အပြစ်လည်းသင့်၏။ ဒုက္ခလည်းပေးတတ်သည်။
သုစရိုက်ဟူသည် အပြစ်လည်းကင်း၏။ သုခကိုလည်းပေးတတ်သည်။

သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရုံသာဖြစ်၏။
ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာဖြစ်၏။

တရားကျင့်သူကို တရားကပြန်၍ စောင့်ရှောက်ပါသည်။
(ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ)

ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင်ဖြစ်၏။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ်(သဒ္ဓါနှင့်ပညာ)
ညီညွှတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

ဤသို့ ကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကို လည်းသိရမည်။
သုခနှင့် သုခ၏အကြောင်းရင်းကိုလည်း သိရမည်
အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှု မပါသော(Philosophy)မျိုးလည်း မဟုတ်ပေ။

စရဏခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ (Religion)နှင့်(Philosophy) နှစ်မျိုးစလုံးမှာ မရှိပေ။

ဗုဒ္ဓ၏၀ါဒမှာ စရဏ(အကျင့်) က ပဓာနဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။
သဒ္ဓါနှင့်ပညာ ပြည့်စုံသော လူဖြစ်ဖို့ ပို၍ခက်၏။
ထိုထက်ပို၍ ခက်သည်ကား စရဏ(အကျင့်) ဖြစ်၏။
သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။
သစ္စာ မသိသောကြောင့် ချမ်းသာမရ ဆင်းရဲနေကြရ၏။
စရဏကိုကျင့်ဖို့ သစ္စာကိုသိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့တရားမှုန်ကို
နာကြားရဖို့လည်း အခက်ကြီးတစ်ပါးပင်ဖြစ်၏။
 ............................................  
ပြန်လည် ရေးသားပူဇော်သူ မိုးပုံလွှာ
 ချမ်းမြေ့ပါစေ

သမီးသို့ဆုတောင်း




သမီးလိမ္မာ ပန်းမာလာသည်
ကောင်းစွာနိုးထ နိုင်စေသော်။

ကျန်းမာချမ်းသာ ပြည့်စုံစွာဖြင့်
ကောင်းစွာအားထုတ် နိုင်စေသော်။

သမီးဂေဟာ သမီးရွာကို
ကောင်းစွာစောင့်ရှောက် နိုင်စေသော်။

ဝတ်ထည်အလှ ရွှေအလှကို
ရွံ့မျှသာလျှင် သမီးထင်လော့…….

“စင်ကြယ်စကား” နှလုံးသားဖြင့်
ပန်းများသို့လှ “စိတ်အလှ”ကို
ဘ၀လမ်းမှာ တင့်တယ်စွာနှင့်
ကောင်းစွာထွန်းတောက် နိုင်စေသော်။
ချမ်းမြေ့ပါစေ
မိုးပုံလွှာ(၁၀.၁.၂၀၁၄)


................................................................
(၁၉၈၅၊ မေလထုတ် ၊ မိုးသောက်ပန်း စာအုပ်မှ ပျဉ်းမနားမောင်နီသင်း၏ ကဗျာကို ပြန်လည်ကူး ယူဖော်ပြသည်။)