သမီးလိမ္မာ ပန်းမာလာသည်
ကောင်းစွာနိုးထ နိုင်စေသော်။
ကျန်းမာချမ်းသာ ပြည့်စုံစွာဖြင့်
ကောင်းစွာအားထုတ် နိုင်စေသော်။
သမီးဂေဟာ သမီးရွာကို
ကောင်းစွာစောင့်ရှောက် နိုင်စေသော်။
ဝတ်ထည်အလှ ရွှေအလှကို
ရွံ့မျှသာလျှင် သမီးထင်လော့…….
“စင်ကြယ်စကား” နှလုံးသားဖြင့်
ပန်းများသို့လှ “စိတ်အလှ”ကို
ဘ၀လမ်းမှာ တင့်တယ်စွာနှင့်
ကောင်းစွာထွန်းတောက် နိုင်စေသော်။
ချမ်းမြေ့ပါစေ
မိုးပုံလွှာ(၁၀.၁.၂၀၁၄)
................................................................
(၁၉၈၅၊ မေလထုတ် ၊ မိုးသောက်ပန်း စာအုပ်မှ ပျဉ်းမနားမောင်နီသင်း၏ ကဗျာကို ပြန်လည်ကူး ယူဖော်ပြသည်။)
No comments:
Post a Comment