Tuesday, 21 August 2012

ဖူး ငုံ ဦးတို့ သိစေချင်



-နတ်သုဒ္ဓါတမျှ ချိုဆိမ့်လှသည့် ဗန္ဓရသရက် နွယ်ခါးယှက်၍ အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ ရှေးသာဓက ရှိခဲ့ကြ၏။
-တို့အမျိုးဘာသာ သာသနာတည် ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်အတိ ချီးမွမ်းသည့်အသံ မိုးထိညံ မျှသင်းပျံလှ၏။
 

-တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး နောင်လာရင်သွေး သင်..ဘာလေးမွေးမလဲ.......
ဒေါ်လာမယားဖော်ပြုထားပြီး တိုက်ကားကြီးပေါ် ပြုံးရွင်ပျော်ကာ အနှစ်မပါ အချစ်ညာတဲ့ နွယ်ခါးရစ်ခွေ
မျိုးဖျက်တွေကို သမီး………………
စဉ်းစားမလဲ တော်လှဲသံကြီးပြီး မြေကြီး ကွဲအက် ငလျှင်စနက်ကြောင့် ရာထောင်မက ရှိခဲ့ကြလည်း အမျိုးမပြုတ် အငုတ်အရင်း မျိုးတက်ဆင်းကာ အမျိုးဘာသာ သာသနာကြီး ဆက်လက်ပြီးလျှင် ရှင်သန်ဝံကြွားမျိုးဆက်များမှ ထိန်းထားနိုင်၏။ 

သို့ပေသည်လည်း မြေမျိုသော် အမျိုးမပြုတ် လူမျိုသော် အငုတ်မကျန် အမျိုးပြုတ်ရန် အရေးမို့ ကလေးတို့ရေ…………………

-၀တ်ချင်တဲ့ဆန္ဒ လှချင်တဲ့မာနနဲ့ အချောင်ရတယ်ဆိုပြီး ဘ၀ကြီးတခုလုံး ပုံအပ် မိုက်ဇာတ်တော့ မခင်းလိုက်ပါနဲ့။ထမင်းငတ်ပြီး သေတဲ့မသာ တို့မြန်မာပြည်မှာ မရှိပါဘူး။

အလှရစ်မူး ချစ်ရည်လူးပြီး ရာဂကြူးတဲ့ ဘီလူးလက်အောက် အမျိုးပျောက်ရန် ဘယ်သောအခါမှ မကြံကြနဲ့။ ငွေကြေးဥစ္စာ ဆင်းရဲပါလည်း ကမ္ဘာအပေါင်းမှ ချီးကျူးကြအောင် လူမျိုးချင်းယှက် အမျိုးဂုဏ်ထောင်ရင်း မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ တို့သာသနာကြီး-နတ်သုဒ္ဓါတမျှ ချိုဆိမ့်လှသည့် ဗန္ဓရသရက် နွယ်ခါးယှက်၍ အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ ရှေးသာဓက ရှိခဲ့ကြ၏။
 
-တို့အမျိုးဘာသာ သာသနာတည် ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်အတိ ချီးမွမ်းသည့်အသံ မိုးထိညံမျှသင်း ပျံလှ၏။
 
ဘုန်းနေလမ်း ထိန်ထိန်ငြီးစွာ အဓွန့်ရှည်ကြာ တည်တန့်မှာမို့ သမီးတို့ရေ………နောင်လာရင်သွေး မျိုးဆက်သစ်လေးများ မွေးဖွားပေးနိုင်ကြပါစေ။
-တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး နောင်လာရင်သွေး သင်…………………..ဘာလေးမွေးမလဲ
ဒေါ်လာမယားဖော်ပြုထားပြီး တိုက်ကားကြီးပေါ် ပြုံးရွင်ပျော်ကာ အနှစ်မပါ အချစ်ညာတဲ့ နွယ်ခါးရစ်ခွေ
မျိုးဖျက်တွေကို သမီး………………ဘယ်လို...။
တင်ထွန်း (G.T.I နှစ်တရာပြည့်မဂ္ဂဇင်း မှ)

(ကျွန်မနှစ်သက်လို့ပါ..........
...အမိုး)

No comments:

Post a Comment