ထေရ၀ါဒ ဗုဒ္ဓသာသနာ၏ ရည်ရွယ်ချက် ပန်းတိုင်ကား မဂ်ဥာဏ်ဖိုဥာဏ်ကိုရကာ မျက်မှောက်ပြုရေး ပင် ဖြစ်ပါ၏။ လောက၌ ဘုရားရှင်ပွင့်တော်မူခြင်း ကလည်း ၎င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။
ထေရ၀ါဒ ဗုဒ္ဓသာသနာ ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုလျှင် မြတ်ဗုဒ္ဓ၏ အဆုံးအမ၊ ပညတ်တော်
ကျင့်ဝတ် တရား တွေကိုလိုက်နာပြုကျင့်သူမှသာ မြတ်ဗုဒ္ဓ၏ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို
ထိန်းသိမ်းစောင့်ရှောက် ရာရောက်ပေမည်။
လူသားတို့သည် အမျိုးမျိုးသော
ဒုက္ခတို့မှ လွတ်မြောက်၍ မိမိနှင့်တကွ လောကကြီး တခု လုံးငြိမ်းချမ်း သည်ကို
မြင်လိုကြ၏။ ထိုသို့ငြိမ်းချမ်းရန်မှာ ဓမ္မအင်အားစုက အဓမ္မ အင်အားစုအပေါ်
အမြဲအသာ စီးရနေအောင်ကြိုးပမ်း၍ လူလူချင်းဆက်ဆံရေး ကောင်းမွန် အောင်ဆောင်ရွက်ရမည်
ဖြစ်၏။
ဤပန်းတိုင်သို့ ရောက်ရန်မှာ ငါးပါးသီလ
စောင့်ထိန်းမှုသည် ပဓာန အကျဆုံးဖြစ်သည်ဟုမြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။
ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ၏
အခြေခံအုတ်မြစ်ဖြစ်သော သီလကိုကာယကံ ၊ ၀စီကံ၊ မနောကံ သုံးပါးလုံး
တစ်ဖြောင့်တည်းကြအောင် ကြိုးစား အားထုတ်ကြရပါမည်။ ထို့နောက် အဆင့်ဆင့်အားဖြင့်
သမာဓိ၊ ပညာတိုင်အောင် တက်လှမ်းသင့်ပါသည်။ သာသနာဟူသည် ဘုရားရှင်၏ အဆုံးအမ ပင်ဖြစ်သည်။ ထို့ကြောင့်ဗုဒ္ဓသာသနာဟု
ခေါ်ဆိုရပေမည်။
ထိုဘုရားရှင်၏ အဆုံး အမတရားတော်များ ဆက်လက်ရှင်သန်စေရန်
အတွက် မျိုးဆက်သစ်တို့ အစဉ်တစိုက် ကြိုးပမ်းကြရပေမည်။ အမျိုးဘာသာ သာသနာ
အနာဂတ်အတွက် မျိုးဆက်သစ်များ
မျိုးဆက်ကောင်းများ များစွာလိုအပ်ပါသည်။ အနာဂတ်မျိုးဆက်သစ်များမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ အတွက်ငါနှင့် မဆိုင်ဟုမသတ်မှတ်ကြဘဲကုသိုလ်လည်း ယူတာဝန်လည်းယူရင်းနိုင်ရာတာဝန်
မျိုးဆက်ကောင်းများ များစွာလိုအပ်ပါသည်။ အနာဂတ်မျိုးဆက်သစ်များမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ အတွက်ငါနှင့် မဆိုင်ဟုမသတ်မှတ်ကြဘဲကုသိုလ်လည်း ယူတာဝန်လည်းယူရင်းနိုင်ရာတာဝန်
ထမ်းဆောင်ကြရပါမည်။
စာရေးသူသည် ထေရ၀ါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး
အသင်းကို ၂၀၀၄ ခုနှစ် မိုးကာလတစ်ခုမှာ ၀င်ရောက်ခဲ့ပါတယ်။ အစည်းအဝေးလုပ်လျှင် မိုးရေထဲမှာ
အားကြိုးမာန်တက် အပြေးအလွှားရောက်လာကြသည့် လူငယ်မောင်မယ်များကို
တွေ့တော့စာရေးသူအံ့သြမိသည်။
စာရေးသူထက် ၁၀နှစ်လောက်ငယ်သော လူငယ်များပင်တွေ့ရသည်။ လေးစားမိသည်။ အားကျမိသည်။
အသင်းအတွက် ဘာသာသာသနာ အတွက် တိုးတက်အောင် ကြိုးစားကြမည်ဆိုသော တာဝန်သိ စိတ်များဖြင့် ခွဲဝေဆောင်ရွက်ကြသည်။
စာရေးသူသည် အချိန်တော်တော်များများကို မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်နှင့်အချိန်ကုန်လာခဲ့ကြသည်မှာ
အလွန်နှမြောစရာကောင်းသည်။
အသင်းကို ရောက်ပြီးမှ ထေရ၀ါဒ
ဗုဒ္ဓသာသနာကို သေချာစွာနားလည်ခဲ့သည်။
ပရဟိတလုပ်ရင်းနှင့်
နှလုံးသားမှာစေတီတည်ခွင့် ရလိုက်ခြင်းဖြစ်သည်။
အသင်းသည် လူငယ်များနှင့်ဖွဲ့စည်းထားသော
အသင်းဖြစ်၍ဘ၀ အတွက်ရုန်းကန်နေကြရသူများ
ဖြစ်၏။ မအားလပ်သည့်ကြားမှနိုင်ရာတာဝန်ကို
ထမ်းဆောင်နေကြရသည်မှာ လေးစားဖွယ်ပင်ဖြစ်၏။
စာရေးသူတို့အားလုံး ဘာသာ သာသနာအတွက် မိမိတို့စွမ်းရာဘက်မှလက်ဆင့်ကမ်းတာဝန်ယူပြီး လုပ်ဆောင်ခဲ့သည်မှာ ယခုဆိုလျှင် (၁၀)နှစ်ပြည့်ခဲ့လေပြီ။
စာရေးသူတို့အားလုံး ဘာသာ သာသနာအတွက် မိမိတို့စွမ်းရာဘက်မှလက်ဆင့်ကမ်းတာဝန်ယူပြီး လုပ်ဆောင်ခဲ့သည်မှာ ယခုဆိုလျှင် (၁၀)နှစ်ပြည့်ခဲ့လေပြီ။
၂၀၀၂ ခုနှစ်မှစလို့ အခက်အခဲ
မျိုးစုံကြားမှ အသင်းကိုရပ်တည်နိုင်အောင် ကြိုးပမ်းပေးခဲ့တဲ့ ယခင်က ဥက္ကဌ၊အမှုဆောင်များ၊
အသင်းဝင်များအားလုံး၏ ကျေးဇူးဒီလိုဆက်လက်ရပ်တည်နိုင်အောင်တာဝန်
ဆက်လက်ယူခဲ့သည့်
အသင်း၏ သြ၀ါဒစရိယဆရာတော်များ၊ အသင်း၏နာယကလူကြီးများ၊ အသင်း၏ လက်ရှို ဥက္ကဌ၊
အမှုဆောင်များ၊ အသင်းဝင်များရဲ့ ကျေးဇူးကြောင့်သာဖြစ်သည်။
စာရေးသူတို့ အသင်းမှာ ရည်ရွယ်ချက်(၅)ရပ်နှင့်
လုပ်ငန်းစဉ်(၃)ရပ်ကို အခြေခံပြီး ဘာသာရေးနှင့် မသွေဖီသော လူမှုရေးလုပ်ငန်းများကိုလည်း
လုပ်ဆောင်ခဲ့သည်။ယခုဆိုလျှင် အသင်၏ လုပ်ငန်းဆောင် ရွက်ချက်(၂၀၀)ကျော်
ရှိခဲ့ပြီဖြစ်သည်။
အသင်းစတင်ချိန်မှာ ရှိခဲ့ကြတဲ့အစ်ကိုတွေ၊
အစ်မတွေ၊ မောင်ငယ်တွေ၊ ညီမငယ်တွေကိုလည်း
“ထေရ၀ါဒ ဗုဒ္ဓသာသနာထိန်းသိမ်း စောင့်ရှောက်ရေးအသင်း” ဟာဘာသာသာသနာအတွက် တည်ရှိနေတဲ့ အသင်းပါလားလို့ အမြဲတမ်းသတိတရရှိစေချင်ပါသည်။ အပြစ်တွေ့လျှင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြစေ ချင်ပါသည်။
“ထေရ၀ါဒ ဗုဒ္ဓသာသနာထိန်းသိမ်း စောင့်ရှောက်ရေးအသင်း” ဟာဘာသာသာသနာအတွက် တည်ရှိနေတဲ့ အသင်းပါလားလို့ အမြဲတမ်းသတိတရရှိစေချင်ပါသည်။ အပြစ်တွေ့လျှင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြစေ ချင်ပါသည်။
ကောင်းဆိုးနှစ်မျိုးခွဲခြားပြီး
လိုအပ်သလို တာဝန်သိပြီး တာဝန်ရှိစွာ ၀ိုင်းဝန်းစောင့်ရှောက် ပေးစေ လိုပါ သည်။ ကောင်းဆိုး
နှစ်မျိုးခွဲခြားရာမှာ သစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓကကောသလ တိုင်း ကေသမုတ္တိရွာသား
ကာလာမ လူမျိုးတို့အား အောက်ပါအတိုင်းစကားကြီး(၁၀)ခွန်းကိုဟောထားခဲ့ ပါတယ်။
ဗုဒ္ဓရဲ့စကားကြီး(၁၀)ခွန်း
ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲဝါဒတစ်ခု လက်မခံလိုက်နဲ့အုံး။
ဗုဒ္ဓရဲ့စကားကြီး(၁၀)ခွန်း
ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲဝါဒတစ်ခု လက်မခံလိုက်နဲ့အုံး။
၂။အစဉ်အဆက်က ကျင့်သုံးလာတဲ့
ဓလေ့ထုံးစံ အားလုံးလဲ မှန်တယ်လို့ သိမ်းကျူံး လက်မခံ လိုက်နဲ့အုံး။
၃။သူတပါးပြောတိုင်းလဲမစုံစမ်းမဆင်ခြင်ပဲလက်မခံလိုက်နဲ့အုံး။
၎။စာနဲ့ရေးထားတိုင်းလဲအားလုံးမှန်ပြီလို့လက်မခံလိုက်နဲ့အုံး။
၅။မိမိတွေးတော ကြံဆလို့ ပေါ်လာတဲ့
မိမိရဲ့အတွေးအကြံတွေအားလုံးမှန်ပြီလို့လက်မခံလိုက်နဲ့အုံး။
၆။ မှီရာနည်းနိဿယတွေ
ရှိသားပဲဆိုပြီးအဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို
မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့အုံး။
၈။ မိမိကြိုတင်စဉ်းစားတွေးတော
လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက်ဟောပြော ချက် ရေးသားချက် အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး
လက်မခံလိုက်နဲ့အုံး။
၉။ ထင်ရှားကျော်ကြား လူအများလေးစားတဲ့
ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံ လိုက်နဲ့အုံး။
၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာ့ စကားဆိုပြီးတော့လဲ
အပြီးသတ်လက်မခံလိုက်နဲ့အုံး။
ကောင်းဆိုးနှစ်မျိုးခွဲခြားပါ။ ကာလာမတို့
၊ ဤတရားကား စက်ဆုပ်ဖွယ်တရားတို့ပါတကား။
ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။
ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။
ဤအကျင့်ကား သူတော်ကောင်းတို့ကဲ့ရဲ့သောအကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင်ကိုယ်ပိုင်
ဥာဏ်နဲ့ သိနိုင်ကြသားပဲ။ အဲလိုသိတဲ့အခါ
မကောင်းတဲ့အကျင့် တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့၊
အဲဒီအကျင့် တစ်စုံတစ်ခုကိုကျင့်လို့အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲမယ်ဆို ရင် ဘာပြုလို့ ကျင့်နေရမှာလဲ၊
ပယ်လိုက်ကြပေါ့။ ကာလာမတို့ ၊ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် “ဤ အကျင့်တရားကိုကား
အပြစ်ကင်း၍ သန့်ရှင်းသောတရားများ၊ ကောင်း ကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွန်းသောအကျင့်တရားတွေပဲလို့
သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာ ကျင့်သုံးကြပေါ့။
သင်တို့ကိုယ်တိုင်ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်ကြသားပဲ။
ဘာဖြစ်လို့မျက်စီမှိတ် နေကြတာလဲ။ ကိုယ်ပိုင် ထားတဲ့ စိတ်၊စေတသိက်တို့ရဲ့
ထက်မြက်လှစွာသောစွမ်းရည် သတ္တိတွေကို အသုံးချ လိုက်ကြပါ” ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ
ဘာသာရေးတွင် မျက်စီမှိတ်နေသည့် ပုဂ္ဂိုလ်တွေကို မျက်စီပွင့်စေသည့်
စွမ်းအား တစ်မျိုးဖြစ်ပါသည်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေငေးငိုင်နေသူများကို
ကြည်လင်တက်ကြွစေ သည့် မိန့်ခွန်းတော်များလည်းဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒမှာ မျက်စီမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။
ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်၊ ရုပ်ဆင်းတုတော်တွေကိုဘာကြောင့်ကိုးကွယ်နေကြသလဲလို့မေးနိုင်ပါသည်။
အဖြေကလွယ်ပါသည်။
ဗုဒ္ဓဘာသာဝင်တွေသည် ဗုဒ္ဓ၏ပုံတော်ကို
ရှိခိုးပူဇော်နေကြခြင်းသည် ချမ်းသာစည်းစိမ်
တစ်စုံတစ်ခုကို မျှော်လင့်တောင်းတပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။
တစ်စုံတစ်ခုကို မျှော်လင့်တောင်းတပြီး ရှိခိုးနေကြတာ မဟုတ်ပါဘူး။
အသက်ထင်ရှားရှိတဲ့
ဗုဒ္ဓရဲ့ရှေ့မှောက်ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရ၀ဖြင့် ရှိခိုးပူဇော်နေကြခြင်းဖြစ်ပါသည်။
အတုမရှိတဲ့ မဟာပုရိသ ဗုဒ္ဓပုံတော်ရှေ့မှာ
ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း စသည်တို့ကို ကပ်လှူပြီး ရှိခိုးနေရတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့
စိတ်နှလုံးမှာ ကြည်လင်အေးချမ်းပြီးတော့ ဆုတ်နစ်သော စိတ်ဓာတ်ဟာ တက်ကြွ လာပါသည်။ ကျဆင်းနေသော စိတ်ဓာတ်သည်လည်း တိုးတက်လာပါသည်။
ညစ်ညူးနေသောစိတ်ဓာတ်များသည်လည်းကြည်လင်လာပါသည်။
ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို
မိမိကျင့်သလို ကျင့်စေချင်ခဲ့ပါသည်။
မိမိကို အတုယူစေချင်သည်။ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ထိုင်၍
ဗုဒ္ဓကို အာရုံပြုပြီးပူဇော်လိုက်တဲ့ အခါ ဗုဒ္ဓနဲ့ အတူတူနေရတယ်လို့ စိတ်မှာဝင်စားလာပါသည်။
ဗုဒ္ဓနဲ့အတူ နေနေရတဲ့ပုဂ္ဂိုလ်ဟာ မကောင်း သော အကျင့်တွေကို မကျင့်ဖြစ်တော့ပါ။
တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။
ဗုဒ္ဓကလည်း ပညာဥာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ် ဆည်းကပ်သည် ကိုလက်ခံပါသည်။
ဗုဒ္ဓဘာသာဝင်တွေကလည်း
ဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓရုပ်ပုံတော်ကို ကိုးကွယ်ကြခြင်းဖြစ်ပါ သည်။ ညောင်ပင်ဟာ
ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်ပါသည်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကိုဗောဓိပင်ဟု
ခေါ်ဆိုကြပါသည်။
ဗုဒ္ဓဘာသာဝင်တွေဟာ ကျေးဇူးရှင်မြတ်ဗုဒ္ဓကို
ရှိခိုးပူဇော်နေကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရား တို့ကို သိအောင်အားထုတ်ခြင်း၊
သိက္ခာ၃ပါး၊ မဂ္ဂင် ၈ပါး၊ ပါရမီ ၁၀ပါးတို့ကို အားထုတ်ခြင်းကသာလျှင် ပိုမြတ်ပါသည်။ ဗုဒ္ဓကလည်း တပည့်သာဝကတို့ရဲ့
ပူဇော်ခြင်းထက် မိမိကျင့်သလိုအကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ
မျှော်လင့်ပါသည်။
“ငါဘုရား၏ အဆုံးအမ အကျင့်မြတ်တွေကို
ကျင့်ကြံလိုက်နာသူ သည်ငါဘုရားကို အမြတ်ဆုံး ပူဇော်သူမည်၏။ တရားမြင်သူသည် ငါဘုရားကိုမြင်၏၊
တရားမမြင်လျှင် ငါဘုရားကိုမမြင်သေး” ဟုဟောတော်မူခဲ့ပါသည်။
မျက်စိနဲ့မြင်ရတဲ့
ဗုဒ္ဓပုံတော်ကို မြင်ရကြည့်ရသောအခါ ဗုဒ္ဓပုံတော် ထဲမှာ ဗုဒ္ဓရဲ့စိတ်ဓာတ်တွေ ပါဝင်လာတယ်လို့ထင်ရပြီး မိမိရဲ့နှလုံးသားမှာလဲ
ဗောဓိဉာဏ်ရဲ့ အရောင်ဟာ ထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါသည်။ ဗုဒ္ဓထံမှာ ဆုပန်တယ်၊
ဆုတောင်းတယ်ဆိုတာ ရှိပါသည်။
ကယ်တင်ဖို့ စောင့်ရှောက်ဖို့တောင်းတာ မဟုတ်ပါဘူး။
မိမိဖြစ်ချင်တဲ့ဆန္ဒကို မိမိရဲ့ကောင်းမှုအပေါ်မှာ အခြေခံပြီးထုတ်ဆိုခြင်းသာ ဖြစ်ပါသည်။
ဗုဒ္ဓကလည်းတောင်းဆိုတာတွေကို ဘုရားကပေးမည်ဟု ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း၊ ဆုတောင်းခြင်တွေမှတပါး မိမိ ဘ၀ဖြူစင်သန့်ရှင်းရေး၊
အသိဉာဏ် ပွင့်လင်းရေး၊ ဒုက္ခမှလွတ်မြောက်ရေးတို့ အတွက် သိက္ခာ(၃)ပါး ကျင့်ဖို့ကိုသာ ညွှန်ပြတော်မူလေ့ရှိပါတယ်။
သိက္ခာ(၃)ပါးဆိုတာ သီလ၊ သမာဓိ၊
ပညာပါပဲ။ သီလကျင့်တော့ကိုယ်နှုတ်နှစ်ပါး ဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင်
အားထုတ်တော့ စိတ်အညစ်အကြေးတွေ တစ်ခဏ တစ်ဘ၀ သန့်ရှင်းအေးချမ်းသွားတယ်။ ပညာကျင့်စဉ်ကျင့်လိုက်တော့
ကိလေသာ အညစ်အကြေးတွေ အပြီးတိုင်ကင်းဝေးသန့်ရှင်းသွာပါသည်။
တနည်းပြောရရင် ကမ္မဌာန်းတရားအားထုတ်မှ
သန့်ရှင်းမှု၊ငြိမ်းချမ်းမှု ဆိုတာရတယ်။ ကမ္မဌာန်း အားထုတ်တယ်ဆိုတာ ငြိမ်ငြိမ်လေးထိုင်ပြီး
စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်ကို ဗလာဟင်း လင်းဖြစ်အောင်လုပ်နေခြင်လဲ
မဟုတ်ပါဘူး။ ကောင်းကင်မှ ပျံလွှားငှက်ကလေးများ ကဲ့သို့ နှလုံးသားထဲက စိတ်၊ စေတသိက်တွေဟာ အလွန် အရှိန်အဟုန်ပြင်း စွာနဲ့
သင်္ခတတရားတို့ရဲ့ ပျက်စီးပြိုကျနေမှု ၊ မိမိခန္ဓာရဲ့ ပြောင်းလဲနေမှုတွေကို အမီလိုက်၍ ကြည့်နေခြင်းကို
ကမ္မဌာန်းလို့ခေါ် ပါသည်။
ဗုဒ္ဓသည်တန်ဖိုးမရှိသော ဆုပေးစကားကို
မပြောကြားရုံသာမက အသနားခံတောင်းဆိုနေသော အညံခံလိုသော စိတ်ဓာတ်များကိုလည်း ညံ့ဖျင်းတဲ့ စိတ်မျိုးဖြစ်ကြောင်း
ဟောတော်မူခဲ့ပါသည်။ ဗုဒ္ဓ၀ါဒသည် ဘ၀ဒုက္ခအားလုံး တို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘ၀ဒုက္ခမှလွတ်မြောင်ဖို့
ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်ကျသောကျင့်စဉ်တမျိုးဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ကောင်းဆိုးနှစ်မျိုးသော ဘ၀နှင့်
ကောင်းကျိုး ဆိုးကျိုးတို့ကို မိမိတို့၏ အစွမ်းထက်လှ စွာသော စိတ်၊ စေတသိတ်များကသာ ဖန်ဆင်းပြုလုပ်ပေးကြသည်ဟုလို့
ယုံကြည်ထားကြသည်။ ဗုဒ္ဓဘာသာဝင်များသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင်
ဖန်ဆင်းရှင်တို့၏ ကယ်တင်စောင့်ရှောက် မှုကို မျှော်လင့်တောင်းတနေကြသူများ
မဟုတ်ကြပါဘူး။
ယခုလိုပြောလိုက်တဲ့ အတွက် ဗုဒ္ဓ၀ါဒကို
အထင်မမှားသင့်ပါ။ ဗုဒ္ဓ၀ါဒသည် လောကသစ္စာကို မငြင်းပယ်ပါ။ အခြားမည်သည့်ဘာသာကိုမှ
မဆန့်ကျင်ပါ။
ဗုဒ္ဓ၀ါဒသည် သတ္တ၀ါတို့ အတွက်
ရေရာပြီးသေချာသော သဘာဝများကိုသာအသိအမှတ်ပြုပါသည်။
ဗုဒ္ဓ၀ါဒသည် လူသားတစ်ယောက်စီ တစ်ယောက်စီတွင် ရှိနေသော အလွန်တန်ဖိုးထက်သည့် စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန်တကယ့် အားထုတ်ကျင့်ကြံထားသော ဆရာကောင်း
ဗုဒ္ဓ၀ါဒသည် လူသားတစ်ယောက်စီ တစ်ယောက်စီတွင် ရှိနေသော အလွန်တန်ဖိုးထက်သည့် စိတ်၊ စေတသိက်တို့ကို အရင်းပြု၍ နည်းမှန်လမ်းမှန်တကယ့် အားထုတ်ကျင့်ကြံထားသော ဆရာကောင်း
ဆရာမြတ်တို့၏ အကူအညီ အဆုံး အမဖြင့်
ကိုယ်တိုင်ကြိုးစား အားထုတ်မှသာလျှင် ဆင်းရဲဒုက္ခ အပေါင်းမှ
ကိုယ်တိုင်လွတ်မြောက်နိုင်တယ်လို့ ညွှန့်ကြားပါသည်။ သင်ပြပါသည်။
ထို့ကြောင့် စာရေးသူတို့အားလုံး “မိမိကိုယ်ကို
မိမိတို့အားကိုးကြပါ။ ကိုယ်ကျင့်တရားကို အားကိုးပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့် တရားကလွဲလို့
တခြားအားကိုးစရာ မရှိပါဘူး” ဆိုသော မြတ်ဗုဒ္ဓဟောကြားခဲ့ သည့်အတိုင်း ရခဲလှသည့်လူ့ဘ၀တွင်
ဗုဒ္ဓ၏ အဆုံးအမ သာသနာအောက်မှာ နေထိုင်ပြီး…
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ဘ၀သမိုင်း၊ မရိုင်းစေရန်
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါစို့ ။ ။
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ဘ၀သမိုင်း၊ မရိုင်းစေရန်
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါစို့ ။ ။
အမိုး (ရွှေတောင်)
၁၃.၉.၂၀၁၁
၁၃.၉.၂၀၁၁
No comments:
Post a Comment