Monday, 28 January 2013

အမေ့မေတ္တာ





ပြိုင်လျှင် ရှုံူးမည်ပ၊
တနှုန်းလေ အနန္တဂိုဏ်းဝင်မို့၊
သည်အရာ နှိုင်းမယဉ်သာဘု၊
ထားရှိသည့် မိဘတိုင်းရယ်က
ပြည့်လှိုင်းသည့် မေတ္တာရည်
သားချစ်သည် သမီးချစ်သည်မို့
ဆင်းရဲသည်ဆို ဂရုဏာပိုကြ
ချမ်းသာသည်ဆို မနာလိုမရှိ
ဝန်တိုကင်းလစ် မုဒိတာဖြစ်ခဲ့
အပြစ်လုပ်ပြန် ကြံဖန်ခွင့်လွှတ်
ဇွတ်တရွတ်လုပ်၍လည်း မမုန်းနိုင်
သက်ဆုံးတိုင် နှိပ်စက်ငြား
ခွင့်လွှတ်ထား အသနားပို
အချိုလိုအချို အခါးလိုအခါး
ပေးနိုင်အားသည်ဖြင့်
ကိုယ့်မှာပင် မစားရက် မ၀တ်ရက်
အသက်ပင်မဓာနမယူ ပေးလှူကြသည်။
“သားတို့ရုပ်ရည် ၊ သီတာမည်သား၊
ရေကြည်ချမ်းမြ တပေါက်ကျက
မိဘတို့ဝမ်းငြိမ်းစတမ်း” ဟု
ကျမ်းလာစကား ဆိုမိန့်ထားသို့
သားမို့ သမီးမို့မဟူ အတူထားနိုင်ကြ
ဆန်းပြားတဲ့ မိဘမေတ္တာ
အံ့ဖွယ်ရာဖြင့် ဘယ်မဆုံး
ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ
မြတ်ဗုဒ္ဓ ဘုရားရှင်တိုင်းပင်
မိခင် ဘခင်၏ကျေးဇူး
အထူးပင်ကြီးမားကြောင်း
တရားကောင်း နမူနာ
ဟောပြသည့် အစဉ်အလာကြောင့်
မိဘမေတ္တာ သံသယမရှိထိုက်
မိဘဂုဏ်အင် ဆင်ခြင်ဦးခိုက်
စဉ်တစိုက် အောင့်မေ့ ပွားများလေ့ရှိသူတို့သည်
အန္တရာယ်အများ ရှောင်ဖယ်ရှား၍
ဥာဏ်သွားထက်မြက် စည်းစိမ်တက်လိမ့်
အသက်ရှည်ရှည် ဘုန်းကံတည်ကြောင်း
အကြောင်းနှင့်ယှဉ် အကျိုးမြင်၍
ဥာဏ်ဖြင့်တဆုံး ကျင့်၍သုံး ။   ။
(ခင်ဆုလွင်-ရန်ကုန်တက္ကသိုလ်)



(ချစ်သောမေမေ ဤကဗျာလေးဖြင့် ချစ်သောမေမေကို အဝေးမှ ချစ်သမီးကန်တော့လိုက်ပါတယ် မေမေချမ်းမြေ့ပါစေ။
ချစ်သမီး အမိုး)

No comments:

Post a Comment