ဂစၦာမိ ကာသိနံပုရံ အာဟဥ ၦံ အမတဒုႏၵဳဘိ ံ
'ဥပက ငါဘုရား ကာသိတိုင်းရဲ့မြို့တော် ဗာရာဏသီကိုသွားမလို့၊
မသေရာရှာဖွေနေတဲ့သူတွေကို တရားစည်တော်ကြီးကို တီးပြမလို့လေ'
ဘုရားရှင်သည်
သဗ္ဗညုတဉာဏ်တော်ကို ဂယာသီသတောင်တန်းကြီး အနီးက ရှေးဟောင်းဆာဒူးတို့
တရားရှာဖွေရာ အနီး ဗောဓိပင်အောင်တွင် ရရှိတော်မူခဲ့သည်၊
အလောင်းတော်သည် ဟိမာလယတောင်အနီးရှိ ရှိ အေးချမ်းသော သက္ကတိုင်းတွင် မွေးဖွားခဲ့သည်၊
ကိုယ်ကိုယ်တိုင်
တိုင်းပြည်ကို အိမ်ရှေ့စံဘ၀ဖြင့် အုပ်ချုပ်ခွင့်ရနေသလို မိမိကိုယ်တိုင်လဲ
ထီးနန်စည်းစိမ်၏ အုပ်ချုပ်မှု၊ ရာထူးအာဏာဆွဲဆောင်မှု၊ ယသောဓရာမိဖုရား၏
ဆွဲတောင်မှုများဖြင့် အကျဉ်းကျနေခဲ့သည်၊
အကျဉ်းစံဘ၀မှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့သည်၊ လွတ်မြောက်ရန်လမ်းရှာနေခဲ့သည်၊
မိုးများသည်းသည်း မည်းမည်း အုံ့ဆိုင်းနေသော မိုးလညတစ်ညတွင် လမင်းထိန်ထိန်သာနေသည်၊
မနက်ခင်းက
မင်းချင်းယောင်္ကျာများလျှောက်ထားသွားကြသည်၊ ယသောဓရာကြင်ရာမှ သားတော်တစ်ပါး
ဖွားမြင်ကြောင်း၊ လွတ်မြောက်ရန်လမ်းရှာနေသော မိမိအတွက် နှောင်တွယ်မှု
နောက်တစ်မျိုးတိုးလာပြန်ပြီ၊ ဒီတစ်ခါမရုန်းလိုက်ရင်ဖြင့် တစ်သက်လုံး
မြှုံးမိရချေတော့မည်၊
ယသောဓရာဆောင်ခန်းတွင် မီးရောင်လဲ့လဲ့မြင်ရသေးသည်၊ သားတော်လေးကို ချော့သိမ့်နေမည်
လားတွေးမိသည်၊ သန်းခေါင်ချဉ်းလုပြီ၊ ယသော့်ဆောင်ခန်းတွင် ဆီမီးအိမ်တို့ငြိမ်းလေပြီ၊ ညနက်ပုရစ်တို့ တဂျစ်ဂျစ်အော်မြည်နေကြသည်၊
မိမိအိပ်ယာဆောင်ခန်းတွင်
ညဥ့်ယံစောစောက မမောမပန်းကကြိုးဆင်ခဲ့ကြသော လှယမင်းတို့ အပျက်ပျက်
အယွင်းယွင်းဖြင့် ညအခင်းကို အကျည်းတန်စေလေပြီ၊
ယသော့်ဆောင်ခန်းသို့လှမ်းခဲ့ပြီ၊
သားတော်လေးကို ပွေ့ပိုက်လျှက် အိပ်စက်နေသော မယ်ယသော်၊ လူ့လောကကြီး၏ မာယာ
လှည့်ကွက်များကို မြူဆံမျှမသိရသေးသော သားတော်လေးသည် ညဥ့်နက်နက်အောက်က
အလင်းပျပျတွင် ထင်းထင်းကြီးလှနေသည်၊ သားတော်ကို ပွေ့ပိုက်လိုက်ချင်ပါဘိ။
ရုန်းအားနှင့်
ဆွဲအားလုံးလား ထွေးလားဖြစ်နေသည်။
လက်ဖြင့် မတင်ထားသော ခန်းဆောင်စ
ပ၀ါပါးလေးကို ပြန်ချလိုက်ပြီ။
မယ်ယသော်နှင့် သားတော်လေး မျက်နှာတို့ကို
ဖုံးကွယ်သွားလေပြီ။
ခန်းဆောင်စ ပ၀ါပါးဖြင့် ဘ၀တွေခြားလိုက်ပြီ။
ရုန်းအားနှင့် ဆွဲအားလုံးလား ထွေးလားဖြစ်နေသည်။ လက်ဖြင့် မတင်ထားသော ခန်းဆောင်စ ပ၀ါပါးလေးကို ပြန်ချလိုက်ပြီ။ မယ်ယသော်နှင့် သားတော်လေး မျက်နှာတို့ကို ဖုံးကွယ်သွားလေပြီ။ ခန်းဆောင်စ ပ၀ါပါးဖြင့် ဘ၀တွေခြားလိုက်ပြီ။
ReplyDelete