Tuesday, 5 March 2013

ဝါး


တိုင်ထူမလား
တန်းလုပ်မလား
အခင်းလား အမိုးလား အကာလား
ခြံစည်းရိုးခတ်မလား
အိမ်အသုံးအဆောင်တွေ လုပ်မလား
ဖျာလား ထိုင်ခုံလား
ဆန်ကောလား ဆန်ခါလား
တောင်းလား ခြင်းလား
အုပ်ဆောင်းလား ပလိုင်းလား ပလုံးလား
ရေစစ်လား ရေခွက်လား
ငါးမျှားတံလား အ၀တ်လှမ်းဖို့လား
အားကစားပြိုင်ပွဲအတွက် ချောတိုင်လား
ထန်းရည်ထည့်ဖို့ ကျည်တောက်လား ခွက်လား
ကောက်ညှင်းးပေါင်းပေါင်းဖို့ ကျည်တောက်လား
စုဘူးလား ကလေးတွေကစားတဲ့ `ဗောင်ဗောင်´လား
သေနတ်လုပ်မလား ဓားလုပ်မလား
တူရိယာအဖြစ် ပတ္တလားလား ၊ ပလွေလား
ဝါးလက်ခုပ်လား
အစာစားဖို့ တူအဖြစ်လား
သွားကြားထိုးတံလား
ကြော်စားမလား
ချက်စားမလား
အကုန်ရတယ်
အဲဒီလောက်အသုံးဝင်တဲ့ဝါး
တန်ဖိုးထားကြစမ်းပါ ။ ။



အဲဒီကဗျာလေးကို ဖတ်မိတယ်။ 

ရင်ထဲကို တစ်ခုခုရောက်လာတယ်။ ကဗျာဆရာကိုလည်း ကျေးဇူးတင်မိသွားတယ်။
`၀ါး´ စာလုံးအနေနဲ့ စကားလုံးလေးကတစ်ခုထဲသူ့ရဲ့တန်ဖိုးအသုံးဝင်ပုံကတော့ ဖော်မပြနိုင်အောင် များပြား 
လွန်းလှတယ်။ 

သူ့နေရာနဲ့သူ တန်ဖိုးမြင့်တာပါသလို တန်ဖိုးနဲပေမဲ့ မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေများပါတယ်။ 

လူ့ဘ၀မှာ မိမိဝန်းကျင်မှာ မရှိမဖြစ်လိုအပ်နေတာ ။
သေးငယ်သောအရာလေးဖြစ်ပေမဲ့ မိမိအသုံးလိုတဲ့နေရာမှာ တစ်တောင့်တစ်နေရာကနေ ဖြည့်စည်းပေးနိုင် ရင်ကိုပဲ ကျေနပ်စရာပါ။
 
ဒီကဗျာလေးကို ကျွန်မဖတ်မိပြီး တန်ဖိုးရှိသော အိမ်တလုံး မဖြစ်နိုင်ရင်တောင် တန်ဖိုးရှိသောအိမ်လေးကို မည်သည့် အန္တရာယ်မှ မကြရောက်အောင် ကာကွယ်ပေးနိုင်သော ခြံစည်းရိုးလေးဖြစ်ချင် မိရဲ့။
 
အိမ်တခုလုံးအတွက် အရေးကြီးသော နေရာအတော်များများအတွက် တာဝန်မယူနိုင်ရင်တောင် အမောပြေစေမဲ့ ၀ါးရေခွက်လေး အဖြစ်၊
 
တခါတလေ မြင်သာထင်သာ မဟုတ်ပေမဲ့ လိုအပ်တတ်တဲ့ အခါမှာ အသုံးပြုနိုင်မဲ့ သွားကြားထိုး တံလေးအဖြစ်ပေါ့၊

ဒါက ကျွန်မအဖြစ်ကိုတွေးမိတာပါ ။

 
အားလုံးသော သူတွေလည်း သူ့နေရာနှင့်သူ တန်ဖိုးရှိပြီး အသုံးဝင်သော ၀ါးလိုမျိုး သူ့နေရာမှာ သူရှိနေကြမှာပါ။ 

အားလုံးကိုတော့မသိဘူးပေါ့။ 
တခါတလေ ကိုယ့်ကိုကိုယ် စိတ်ဓါတ်ကြမိတတ်ကြတယ်။ 
အဲလိုအခါမျိုးမှာ အော်အားလုံးကတော့ သူ့တန်ဖိုးနဲ့သူပါလား တွေးမိမယ် ဖြေနိုင်မယ်ဆိုရင်ဖြင့်၊


No comments:

Post a Comment