Friday, 16 August 2013

လောကကြီးရယ်



မင်းဟာလေ
တခါတလေ
လေပြေလေးလို
နူးညံ့သိမ်မွေ့လွန်းတယ်...

မင်းဟာလေ
တခါတလေ
ပန်းလေးတွေလို
မွေးပျံထုံသင်းချစ်ချင်စဖွယ်...

မင်းဟာလေ
တခါတလေ
ကောင်းကင်မှာရှိတဲ့
တိမ်တိုက်တွေလိုပါပဲ
စီးမျောလွင့်ပါနေတယ်...

မင်းဟာလေ
တခါတလေ
တောင်ကျစမ်းရေလေးလိုပါပဲ
အေးစက်ကြည်လင်နေတယ်.....

မင်းဟာလေ
တခါတလေ
လပြည့်ညမှာသာတဲ့
လမင်းကြီးလိုပါပဲ
အေးမြတဲ့အလင်းကိုပေးတယ်...

်မင်းဟာလေ
တခါတလေ
မျှော်လင့်မထားတဲ့
ခက်ထန်မုန်တိုင်းတွေကို
သယ်လာပြန်တယ်....

မင်းဟာလေ
တခါတလေ
နားလည်လို့မရအောင်ကို
နားလည်ရခက်လွန်းတယ်....

သြော်....
လောကကြီးရယ် ။ ။


No comments:

Post a Comment