မိုးတွေရွာမလိုလို
နှင်းတွေကျမလိုလို
အတွေးပွားပြီး
လှနေပါတယ်
တိမ်ညိုတစ်ဝက်
လင်းတစ်ဝက်နဲ့
ညနက်ကြီးကို
အလှဆင်တယ်
တိမ်ညိုမည်းတွေ
တစ်ဝက်ဖုံးလည်း
လှတာပါပဲ
လ၀န်းပြည့်သလို
ဆောင်းလိုလို
မိုးရိပ်များနဲ့
လမင်းရဲ့အရိပ်တွေက
ကြည့်မိသူရင်မှာ
ဟိုး..........
အဝေးသို့လွမ်း။ ။
ချမ်းမြေ့ပါစေ
..........................
မိုးပုံလွှာ(၂၄.၈.၂၀၁၃)
No comments:
Post a Comment